sunstarwin: photo shop ကို ဘယ်လိုစပြီး လေ့လာရမယ်ဆိုတာ ပြောပြပေးပါလားခင်ဗျာ.စက်တစ်လုံးနဲ့ တနေကုန်အားနေလို့ပါ။
မိတ်ဆက်ပေးမလို့ဘဲ မရေးဖြစ်သေးတာပါ. မြန်မာလိုရေးထားပြီး၊ပုံနှင့်တကွသေချာစွာရှင်းပြပြီး
အခြေခံကနေပြီးတော့ Professional အထိကိုအလကားသင်ယူနိုင်တဲ့ မြန်မာPhotoshop website လေးဖြစ်ပါတယ်။
တချို့ကလဲ သိပြီးသားနေမှာပါဒါပေမဲ့ သေသေချောချောမဖတ်ကြည့်ဖူးသေးဘူးဆိုရင် ပြန်ပြီးသေသေ ချောချောဖတ်ကြည်လိုက်ပါတကယ်ကို အကျိုးထူးခြားလာမှာပါ။Photoshop ဆိုတဲ့နေရာမှာ ဓာတ်ပုံကြီးဘဲ
မဟုတ်ဘဲ စာလုံးများကို လှလှပပပုံဖော်နည်းတွေလဲ ဖော်ပြထားပါတယ်။ဒီအပြင် ဓာတ်ပုံထဲက လူကို
ပွားမလား၊လူကိုဘောင်ထဲကနေဘောင်ပြင်ထွတ်ခိုင်းမလား၊ဆံပင်အရောင်ပြောင်းမလား၊ စသည်
ဖြင့်မြန်မာPhotoshop ဆရာများ ကိုယ်တိုင်ရေးသားထားတာပါ။ အင်္ဂလိပ်လို လေ့လာခြင်ရင်တော့လဲ အများကြီး websites တွေရှိပါတယ်။ ဒါပေမဲ့အားမပေးပါဘူး. ကိုယ်ဘယ်လောက်ဘဲ အင်္ဂလိပ်လိုကျွမ်းနေပါစေ၊ မြန်မာစာက ကိုယ့်ရဲ့ First Language ဘဲဖြစ်ပါတယ်။ဘယ်လောက်ဘဲ တော်အုန်းတော့ တခါတလေမှာ မြန်မာလိုတောင်ရှင်းဖို့မလွယ်ဘူး။အင်္ဂလိပ်လိုဆိုပိုဆိုးတာပေါ့ ဒီအပြင်မြန်မာလို အပင်ပန်းခံပြီးရေးထားတာ ကိုယ့်မြန်မာ အချင်းချင်း ဖတ်ဖို့လေ့လာဖို့ပေါ့...သူ့တို့ရဲ့အပင်းပန်းခံ လုပ်ဆောင်မှုကို ကိုယ့်ကဂုဏ်ယူစွာ လေ့လာသင့်ပါတယ်။ အင်္ဂလိပ် Website တွေကို ဘာကြည့်စရာလိုလဲ မြန်မာလိုအပင်ပန်းခံပြီးလုပ်ထားတွေ

ရှိတယ်လေ..ကိုယ့်အချင်းချင်းမှ အားမပေးရင်ဘယ်သူအားပေးမှာလဲ...
ဒီလိုပြောတာ အင်္ဂလိပ်စာလေ့လာစရာမလိုဘူးလို့ပြောတာမဟုတ်ဘူးနော်...အောက်ပါက Bold လေးနဲ့ရေးထားတာ မြန်မာ Photoshop သင်ခန်းစာစီစဉ်သူများရဲ့ အာဘော်ဖြစ်ပါတယ်။
ဤ website တွင်ရေးသားထားသော သင်ခန်းစာများကို လေ့လာရာတွင် အခက်အခဲများရှိနိုင်ပါသည်။ အလုံးစုံပြည့်စုံမှုများ မရှိနိုင်သည်ကို နားလည်ခွင့်လွတ်ပေး ပါရန်ဦးစွာတင်ပြအပ်ပါသည်။ သင်ခန်းစာအများစုမှာ Photoshop အားအခြေခံအထိ တတ်ထားလျှင် ပိုမိုသင့်တော်ပါသည်။ အခြေခံလုံးဝမရှိသူများနှင့် မသင့်လျော်ပါ။ အဆင်မပြေမှုများရှိပါက ဆက်သွယ်ပါရန်နှင့် အကြံပေးချက်များကိုကြိုဆိုပါသည်။ လေ့လာသူအား တစ်စုံတစ်ခုသောအတိုင်းအတာထိ အကျိုးပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ၀ိုင်းဝန်းကူညီပေးကြသော သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
မြန်မာ Photoshop သင်ခန်းစာစီစဉ်သူများ
လိပ်စာက- http://www.mmphotoshop.net/
အကယ်၍ အင်တာနက်မရှိလို့ အွန်လိုင်းမှာမလေ့လာနိုင်သူများအတွက်လဲ မြန်မာလို Photoshop စာအုပ်ရှိပါတယ်။
SBSangpi(စံပီး)
You might also like:
No comments:
Post a Comment